Print

အိပ်မက်ထဲမှာ လိင်ဆက်ဆံခြင်းဖြစ်တတ်တာ ကိုယ်တစ်ယောက်ထဲလား

  06-Apr-2017
Preview Image

 ဒီကိစ္စနဲ့ပတ်သက်ပြီး သိချင်ကြမယ်ထင်ပါတယ် ။ တစ်တယ်တော့ ဒီလိုဖြစ်တာကိုယ်တစ်ယောက်ထဲမဟုတ်ပါဘူး ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေမို့ ရောဂါလက္ခဏာတစ်ခုမဟုတ်ပါဘူး။ စိုးရိမ်စရာမလိုပါဘူး။ လိင်ဆက်ဆံတယ်လို့မက်တဲ့အခါ အိပ်ရာကနိုးတဲ့အချိန်မှာ အမှန်တကယ်ဆန္ဒပြီးမြောက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ ယောကျာ်းလေးတစ်ယောက်ဆိုပါစို့ လိင်ဆက်ဆံရတယ်လို့မက်ပြီးအချိန် အပြင်မှာ တကယ်သုတ်ရည်ထွက်နေတာမျိုးတွေဟာ ဖြစ်လေ့ဖြစ်ထရှိပါတယ် ။


သုတေသနပညာရှင်တွေရဲ့လေ့လာစမ်းစစ်ချက်များအရ အရွယ်ရောက်ပြီးသူတွေ မက်တဲ့အိပ်မက်တွေအားလုံးရဲ့ ၈%ဟာ လိင်ကိစ္စနဲ့ပတ်သက်နေတယ်ဆိုပါတယ် ။ ဒါကြောင့်ခြုံငုံသုံးသပ်ရမယ် ဆိုရင်ဒါဟာ လူတိုင်း(အမျိုးသားရော အမျိုးသမီးပါ) ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အထူးသဖြင့် ဒီလိုအိပ်မက်တွေဟာ လိင်ဆက်ဆံမှုနဲ့ကင်းကွာနေတာ ကြာနေတဲ့အချိန်မျိုးမှာ ပိုပြီးဖစ်လေ့ရှိပါတယ်။အချို့ဟာ ကိုယ်တစ်ယောက်ထဲ ကွက်ဖြစ်တယ်ထင်ပြီး အရမ်းစိုးရိမ်အရှက်ကြီးနေကြတတ်ပါတယ် ဒါမျိုးဖြစ်တာကို "wet dream" "အိပ်မက်စိုမက်ခြင်း" ဟုခေါ်ပါတယ်။ ကဲ wet dream တွေကြောင့်စိတ်အနှောင့်ယှက်မဖြစ်နဲ့တော့ နော် ဒါဟာသဘဝဖြစ်စဉ် ့ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုတာသိပြီး ပေါ့ပေါ့ပါးပါးပဲနေကြပါ

ကျန်းမာသုခနဲ့ပြည့်စုံပါစေဗျာ 


Credit to_ ဒေါက်တာလူအေး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18